”မင်္ဂလာပါ—–”
Ace Star BnB Hostel မှနွေးထွေးစွာကြိုဆိုပါတယ်ရှင် !
March နဲ့ April တွေဟာမိသားစုများ သူငယ်ချင်းများ အဖွဲ့လိုက် ခရီးသွားလာကြတဲ့ ကာလဖြစ်တာကြောင့် မန္တလေးမြို့နှင့် အထက်ဗမာပြည်တစ်ခွင်သို့ဘုရားဖူးလာကြမည့် ခရီးသွာားမိတ်ဆွေများကို မန္တလေးမြိုရဲ့ အစည်ကားဆုံး အချက်ခြာကျ သောနေရာတွင် Hotel ဝန်ဆောင်မှူပေးပြီး သက်သာသော Hostelဈေးနှုန်းဖြင့်သာကောက်ခံပြီး
1) Day Tour Trips Arrangement 2) Ticketing Arrangement 3) Motorbike ,Bicycle Rental Arrangement 4)Taxi Service Arrangementနှင့် အခြားဝန်ဆောင်မှုပေါင်းများစွာဖြင့် ဖွင့်လှစ်ထားသော
Ace Star BnB backpacker hostel လေးနှင့် မိတ်ဆက်ပေးချင်ပါတယ်ရှင်……………
Ace Star ဟာမန္တလေးမြို့(31×32) လမ်း ၊ (77×78) လမ်းကြားတွင်ဖွင့်လှစ်ထားပြီး မြန်မာ့မီးရထားဘူတာ ၊ မန္တလေးမြို့ရဲ့ အကြီးဆုံး Shopping Center လူသုံးကုန်ပစ္စည်းမျိုးစုံ ရရှိနိုင်သော ရတနာပုံဈေး နှင့် ဒေသထွက်ကုန် များရောင်းချ သောဆိုင်ကြီးများ၊ စားသောက်ဆိုင်များ စုံလင်စွာတည်ရှိသောမြို့လယ်မှာတည် ရှိသော်လည်း ဆိတ်ငြိမ် တိတ်ဆိတ်ပြီး ကိုယ်ပိုင်ကား၊ဆိုင်ကယ်၊စက်ဘီးတို့ ထားရှိရန် ကျယ်ဝန်းသောပါကင်နေရာပါရှိတဲ့အပြင် ဈေးနှုန်းသက်သာပြီး သန့်ရှင်း သပ်ရပ်စွာဖြင့် မိသားစုများ လွတ်လပ်စွာအနားယူနိုင်သော Hostelလေးတစ်ခုဖြစ်ပါတယ်ရှင်။

အခန်းအမျိုးစားများကတော့ မိသားစုများ အစု လိုက် သူငယ်ချင်းများ အဖွဲ့လိုက် နေနိုင်သော အခန်းများဖြစ်ပါတယ်။ အခန်းများ၏ အသေးစိတ် အချက်အလက်များကို အောက်တွင် အသေးစိတ် ဖေါ်ပြထား ရှိပါတယ်ရှင်…
ဈေးနှုန်းများမှာ နိုင်ငံခြားငွေဖြင့် USD-9, USD-11, USD-12 စသဖြင့် သတ်မှတ် ထား သော်လည်း ယခုမြန်မာခရီးသွားများ အတွက် အထူးဈေးဖြင့် အခန်းအလိုက် (၉၀၀၀) -ကျပ် နှင့် (၁၀၀၀၀) – ကျပ်သာ ကောက်ခံမည့် သတင်းကောင်းကို မိတ်ဆွေများ ၊ သူငယ်ချင်းများ အားလုံးကို အမှာစကားပါးပရစေရှင့် ……

လာရောက်တည်းခိုသော မိတ်ဆွေများအတွက် ရရှိနိုင်သော အခွင့်အရေးများမှာ-Ace Star သည် International Backpackers များ လာရောက် တည်းခိုသော နေရာဖြစ်သောကြောင့် ၄င်းတို့နှင့် အတွေ့အကြုံ ဗဟုသုတများ ဖလှယ်ခြင်း ကိုလဲ
ပြုလုပ်နိုင်ပါတယ်ရှင်….
အခြား Services and Facilities များမှာ

အခန်းတိုင်း Air conditioning များပါရှိခြင်၊ (၂၄) နာရီ front desk serviceရှိခြင်း၊ ဟိုတယ်၏နေရာတိုင်းတွင် wifi အသုံးပြုနိုင်ခြင်၊ သက်သာပြီး ထိရောက်သော ခရီးစဉ်များစီစဉ်ပးခြင်း၊ Outdoor Area သီးသန့်ရှိပြီး လွပ်လပ်စွာ စကားပြော နိုင်ခြင်း၊ဆေးလိပ်သောက်နိုင် ခြင်း၊ အဝတ်လျှော်စက် အသုံးပြုနိုင်ခြင်း( (၁) ကြိမ်လျှင် ၂၀၀၀-ကျပ်) ၊ မိမိသွားလိုသည့် နေရာကို စက်ဘီး၊ ဆိုင်ကယ်များဖြင့် စရိတ်သက်သာစွာ သွားရောက်နိုင်ရန် စီစဉ်ပေးခြင်း တို့အပြင် အခြား မိတ်ဆွေများလိုအပ်သော ၀န်ဆောင်မှုများကိုလည်း စီစဉ်ပေး ပါတယ်ရှင်…. 
ဒါကြောင်မိုလို့ Ace Star ရဲ့သပ်ရပ်သန့်ရှင်းသော Hostel မှာအနားယူပြီး အထက်မှာ ပြောထားတဲ့ ၀န်ဆောင်မှု တွေကို လက်တွေ့ ခံစားကြည့်ကြဖို့ အားလုံးကို မန်းလေးကို မိသားစုများလာရောက်လည်ပတ်ရင်း အနားယူကြဖို့ နွေးထွေးစွာဖြင့် ဖိတ်ခေါ်ပါတယ်ရှင့်…….